မန်တုံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး

မန်တုံ    နိုဝင်ဘာ    ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန်တုံမြို့နယ်ဦးစီးဌာနမှ သွားလာရန်ခက်ခဲသော နန့်ဟိုင်း ကျေးရွာအုပ်စု၊ မိုင်းယုတ်ကျေးရွာအုပ်စုရှိ ပြည်သူများအား ယမန်နေ့က မြို့နယ်ရုံးသို့ဖိတ်ခေါ်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို   ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးတေဇာလင်းနှင့်ဝန်ထမ်းများမှ ကျေးရွာတွင် နေထိုင် ကြသော လူဦးရေ ကျား(၁၂)ဦး၊ မ(၂၆)ဦး စုစုပေါင်း (၃၈)ဦးတို့အား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကို ကိုင်ကြစို့”ဟူသည့် ဆောင်းပုဒ်နှင့်အညီမှတ်ပုံတင်မရှိသူများကို မှတ်ပုံတင် ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်း နှင့်အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်းပြောင်းဝင်၊ ပြောင်းထွက်၊ တိုး/လျော့ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ ပြီးကျန်ရှိနေ သည့်ရပ်ကွက်၊ ကျေးရွာများသို့ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)