သတင်းများ

ပင်လောင်းမြို့နယ်၌ Local Semi-Lockdown သတ်မှတ်ကာလအတွင်း ပြည်သူများ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ အဖွဲ့များဖွဲ့စည်း၍ နေ့စဉ်စစ်ဆေးလျက်ရှိ
Nov 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် Local Semi-Lockdown ကာလသတ်မှတ် စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှုရှိ/မရှိ ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
မိုင်းခတ်မြို့၊ လူထုအပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Nov 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စာအုပ် စာစောင ်ချစ်မြတ်နိုးသူများ အသင်း (Book Club)၊ အမျိုးသမီးများအဖွဲ့ (Women Club) တို့ ပူးပေါင်း၍ စာရေးဆရာကောင်းမြတ်ရေးသားသည့် "ပွင့်သောပန်းတိုင်းမွှေးစေလို" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 06,2021
ပြည်နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (ရှမ်းအရှေ့) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်နည်း ပညာသင်တန်းဆင်းပွဲပြုလုပ်
Nov 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့၊ နေ့လယ် ၂ နာရီက မင်းလှမြို့နယ် ဥယျာဥ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ကူမဲမြို့အတွင်း၌ ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်
Nov 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးထားသော ဓါတ်အားလိုင်း တစ်လျှောက်တွင် ကူမဲမြို့လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သာမန်ငွေစာရင်းခေါင်းစဉ်မှ ဆောင်ရွက် ထားကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်း စည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း ပြုလုပ်
Nov 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်- ၁၉ ကွင်း ဆက်များ ပြတ်တောက်စေရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ကြရန်၊ ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန် က လောင်းလုံးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့နှင့်လမ်းဆုံလမ်းခွ နှင့် စျေးဆိုင်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အုတ်ဖိုမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံငွေပေးအပ်
Nov 06,2021
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး၊ မန်းကျည်ပင် အမြစ်ပွ၍ နေအိမ်ပေါ်သို့ လဲပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၁ လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။