သတင်းများ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်
Nov 06,2021
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူ (၂၈) ဦးအား ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးမှော်ဘီ-၂ မျိုးစေ့ထုတ်စိုက်ခင်းအား မိုင်းငေါ့မြို့မှ တောင်သူများ လာရောက်ကြည့်ရှုလေ့လာ
Nov 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာရှိ တောင်သူ ဦးကျော်ညွန့် လယ်၌ မိုးစပါးမှော်ဘီ-၂ မျိုးစေ့ထုတ် စိုက်ခင်းအား အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်းစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းနေမှုအား ယမန်မွန်းလွှဲပိုင်းက မိုင်းငေါ့မြို့ စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် တောင်သူများက လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ
Nov 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉.ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံအချို့ကို ဖော်ပြပေးလိုက်ပါသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတဘုန်းတော်ကြီး သင်ပညာရေး ကျောင်းအတွက် အလှူငွေများလှူဒါန်း
Nov 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူရှင်များက အလှူငွေများကို ယမန်နေ့က လာရောက် လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Nov 06,2021
ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်၁၉ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့် အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့ပေါ် (၆) ရပ်ကွက်၌ Local Semi-Lock down ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေး
Nov 06,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ပေါ် (၆) ၌ Local Semi-Lock down ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့်အညီ လိုက်နာမှု ရှိ/မရှိ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။