မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်

မိုင်းတုံ  နိုဝင်ဘာ   

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ လျော့နည်းပပျောက်ရေး  မဖြစ်မနေ မိမိအိမ်အပြင် ထွက်ရမည်ဆိုပါက နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်သွားလာရန်၊  လူစုလူဝေး ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ စက္ကန့်(၂၀)ကြာဆေးကြောရန်၊ ပြင်ပမှပြန်လာလျှင် မိမိအိမ်မှ မိသားစုများနှင့် မထိတွေ့မိစေရန်၊ အထူး သဖြင့် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများနှင့် နီးကပ်စွာမနေရန်နှင့် အစားအသောက် များကို အတူမစားရန်၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို မဖြစ်မနေလိုက်နာဆောင်ရွက်ကြ ရန်၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ် ဖြင့် စည်းကမ်းတကျရောင်းချသွားရန် စသည့် အချက်များကို အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ဟောင်လီကျေးရွာ၊ ဖာချယ်ကျေးရွာ၊ ဝမ်နားကျေးရွာနှင့် မြို့ပေါ် ()ရပ်ကွက် တို့တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)