ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ

ကော့မှူး    နိုဝင်ဘာ      ၇

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

ဒေါ်ခင်အေး

ကျွန်မကတော့ ကော့မှူးမြို့နယ် တောင်ချောင်ကျေးရွာမှ နေထိုင်တဲ့ ဒေါ်ခင်အေးဖြစ်ပါတယ်။ အိမ်မှာကတော့လက်ရှိ အိမ်ထောင်စုနှစ်စု နေထိုင်ပါတယ် ။ ကျွန်မက ဩဂုတ်လ ၃ ရက်နေ့မှစ တင်ဖျားပြီး ကျွန်မက သြဂုတ်လ ၇ ရက်နေလောက်မှ အနံ့စတင် ပျောက်သွားသည့် အတွက် နောက်တစ်နေ့တွင် မြို့နယ်ဆေးခန်းပြသရာ ဆရာဝန်မှ ကိုဗစ်လက္ခဏာတွေ့ရှိရသည့်အတွက် Home Quarantine သီးသန့်နေထိုင်ပြီး ဂရုစိုက်ဖို့ မှာလိုက်သည့်အတွက် ဆရာဝန်မှာကြားတဲ့အတိုင်း နေထိုင်ပါတယ်။ ကျွန်မက အသက်အရွယ်ကလည်း (၆၅) နှစ်ဆို‌ တော့ ကျန်းမာရေး ဂရုတစိုက် နေထိုင်ပင်မဲ့ အသက်ရှူမဝခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးခြင်းများ ခံစားလာရသည့်အတွက် ဒုတိယအကြိမ် ဆရာဝန်နှင့်ထပ်မံပြ သခဲ့ရာ ဆရာဝန်မှအ သက်ရှူ လေ့ကျင့်ခန်းကို စနစ်တကျ နည်းလမ်းမှန်မှန်လုပ်ဖို့၊ ဘီတာမင် C၊ ဘီတာမင် A အားဆေးများကို အချိန်မှန် သောက်ဖို့၊ ကြက်ပြုတ်ရည် များများသောက်ဖို့ အဟာရရှိတဲ့အစား အစာ များကို အချိန်မှန်စားဖို့နှင့် ကြောက်စိတ်မထားရန် ညွှန်ကြားခဲ့ပါတယ်။ ကျွန်မအနေနှင့် ဆရာဝန်ညွှန်ကြား ချက်နှင့်အညီ ဂရုစိုက်ပြီးအားဆေးများအချိန်သောက်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်းများကို အချိန်မှန်လုပ်ခြင်း၊ တရားထိုင်ခြင်း များပုံမှန်လုပ်ခြင်းဖြင့် ဩဂုတ် ၁၄ ရက်နေ့တွင် အနံ့ပြန်လည်ရရှိလာပြီး အိမ်တွင် (၁၄)ရက်ကြာ နေထိုင်ခဲ့ ပါတယ်။ ကျွန်မ အနေဖြင့် ပြောချင်တာကတော့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာပြ လာပြီဆိုရင် မကြောက်ပါနှင့် စိတ်ကိုခိုင်ခိုင်ထားပါ။ အချိန်မှန်အိပ်ပါ၊ အားရှိသောအစားအစာများပုံမှန် စားသောက်ပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ပြီးတော့ကျန်းမာ ရေးဌာန၏ညွှန်ကြားချက် အတိုင်း အပြင်သွားတိုင်း (Mask) တပ်ပါ၊ လက်ကိုမကြာခဏဆေ းကြောပါ၊တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ ယခင်က ကျွန်မက ကိုဗစ်ရောဂါ ကာကွယ်ဆေးမထိုးထားဘူး၊  အခုဆိုရင် ကျွန်မလည်းကိုဗစ် ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးပြီး၊ ကိုဗစ်-၁၉ကာကွယ်‌ ဆေးထိုးခြင်းက‌ ရောဂါကူးစက်မှုကို အထိုက်အလျောက် ကာကွယ်ပေးတာဖြစ်မယ်ထင်ပါတယ်၊အိမ်ကသား‌တွေက ကိုဗစ်ဆေးထိုးထားတော့ဖျားတာ‌ တောင်ကျွန်မ လောက်မခံရဘူး၊ပြည်သူ များအနေနှင့်လည်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြပါရန် အားလုံးကိုကျွန်မကတိုက်တွန်း ပြောလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ကျော်သူရ