နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ  (၁ ဒသမ ၂)ပေရေကျော်ကျ

နတ်မောက်   နိုဝင်ဘာ   ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ  ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ( ၁ ဒသမ ၂)ပေ ခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာလ (၆) ရက်နေ့တွင် တမံရေ ပြည့်အမှတ်  (၆၈၃)ပေ၊ လက်ရှိရေအမှတ်(  ၆၈၄ ဒသမ ၂ )ပေရှိ၍ ( ၁ ဒသမ ၂ )ပေ ခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်(  ၆၈၄ ဒသမ ၂ )ပေ ရှိပြီး ( ၁ ဒသမ ၂) ပေရေပိုလွှဲမှ ရေကျော်ကျကြောင်းသိရသည်။

နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှု အနည်းငယ်တိုးလာသော်လည်း တမံအတွင်း ရေဝင် ရောက်မှုအခြေအနေနှင့်တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူ များသိရှိအောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ် ရေအားအဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများ ကိုလည်း  ရေကင်းဂျူတီချကာ (၂၄)နာရီပတ်လုံးစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့် ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။  

သင်းသင်းမြတ်