ခင်ဦးမြို့၌ (၃၃) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

 

ခင်ဦး   နိုဝင်ဘာ  ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၃၃) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပျော်ရွှင်စရာ ကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)