ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ မိုးစပါးစံကွက်ရိတ်သိမ်း
Nov 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ မိုးစပါး စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကွင်းယားကြီးကျေးရွာ ရှိတောင်သူ ဦးစံရွှေ၏ လယ်ဧက၌ ပြုလုပ်ရာမြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ မှတာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်မိုးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။