သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ရေနံချောင်းတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်
Nov 08,2021
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်တွင် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်အမှာစကား ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ
Nov 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်​ရေး လုပ်ငန်းများကို​ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများမှ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဒေါ်သန္တာ၏ ရင်တွင်းစကားသံများကို ဖော်ပြပေး လိုက်ရပါသည်။
မင်းပြားမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကျင်းပ
Nov 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန် က စတင်ပြီးမင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားများ ကျင်းပ
Nov 08,2021
ကျိုင်းတုံ တက္ကသိုလ်နှင့် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်တို့မှ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ကျိုင်းတုံ တက္ကသိုလ်နှင့် ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ်တို့တွင် ကျင်းပရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင် တို့ တက်ရောက် အမှာစကားပြောကြားသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ အလှူငွေများ စဉ်ဆက်မပြတ်လာရောက်လှူဒါန်း
Nov 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ အတွက် အလှူငွေများကို ယမန်နေ့နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ပြည်တက္ကသိုလ်၌ တာဝန်ထမ်းဆောင်မည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်လှစ်
Nov 08,2021
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ တာဝန်ထမ်းဆောင်မည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမအသစ်များအား ကြိုဆိုပွဲနှင့် မွမ်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ပုလောမြို့နယ်၊ပလောက်မြို့၊ပြင်ဘုကြီးကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Nov 08,2021
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စု တွင်  ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ပြင်ဘုကြီးကျေးရွာ၊ အလကကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ခေါဇာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေး‌သော ဒေသခံပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိ
Nov 08,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်း ကျဆင်းစေရန်နှင့် ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့အမှတ်(၉)စုရပ်ဖြစ်သော ခေါဇာမြို့ မြို့လယ်ဓမ္မာရုံ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။