ပြည် နိုဝင်ဘာ ၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ တာဝန်ထမ်းဆောင်မည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမအသစ် များအား ကြိုဆိုပွဲနှင့် မွမ်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကား ပြောကြားပြီး ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က သင်တန်းသား/သူ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမအသစ် (၉၆)ဦးကို ဩဝါဒစကားပြောကြားခဲ့သည်။
အဆိုပါ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမအသစ်များအား နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေအပါအဝင် သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားမှုဆိုင်ရာ သင်ခန်းစာများကို ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ရက်သတ္တပတ် လေးပတ်အကြာ သင်တန်းဖွင့်လှစ်ပို့ချပေးမည် ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်မှ သိရသည်။
ကိုဆက်