သတင်းများ

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြ သစ်လွင်များနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 08,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက် ဖြူပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြသစ်လွင် ဆရာ၊ဆရာမများနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ အခြေခံ ဆရာ/ဆရာမများ စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲများ တက်ရောက် အားပေး
Nov 08,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ နိုဝင်ဘာ(၈)နေ့က စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များတွင် အသစ်ခန့်ထားသည့် အခြေခံပညာဆရာ/ ဆရာမများ ဘာသာရပ်ဆိုင်ရာသင် တန်းနှင့်စီမံခန့်ခွဲရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲများသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။
ပြည်မြို့ တွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်အဆင့်သီချင်းဆိုပြိုင်ပွဲကျင်းပ
Nov 08,2021
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်အဆင့် သီချင်းဆိုပြိုင်ပွဲကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယအကြိမ် ပြည်သူ (၂၃၁၇၄) ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးပြီးဖြစ်
Nov 08,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယ အကြိမ်အဖြစ် အသက် (၅၅) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ(၇) ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ပုပ္ပဝတီကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Nov 08,2021
မွန်ပြည်နယ် ရေးမြို့နယ် မြို့နယ်လူမှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သု့အင်အားဦးစီးမှူးရုံးမှ တူးမြောင်းကျေးရွာအုပ်စု ပုပ္ပဝတီကျေးရွာ ကျုက်ဒေ့တမော့ဗရတ် (သာသနာပြုနယ်မြေ) လျောင်းတော် မူဘုရားအတွင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန် က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 08,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို လှိုင်မြို့နယ်အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူ များကို ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
မင်းဘူး(စကု) မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား
Nov 08,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်ဘူး-ပဒါန်းကားလမ်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံ (တာဘိုင်)အနီးတွင် ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့် က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။