နောင်ချို နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ အတွက် အလှူငွေများကို ယမန်နေ့နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြို့ ကျောက်တောရွာနေ ဦးချစ်တင်+ဒေါ်ခင်ညွှန့် မိသားစုမှ အလှူငွေ ကျပ်(၂)သိန်း၊ လောက်ကိုင်မြို့ ဦးလှကျော်+ဒေါ်အေးအေးမွန် တို့အားရည်စူး၍ မဖူးဖူးကျော် မိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ နောင်ချိုမြို့ ဈေးရပ်ကွက်နေ ဒေါ်နွဲ့နွဲ့တင် မိသားစုမှ အလှူငွေ ကျပ်(၅)သောင်း၊ ကျောက်တောရွာ မဇင်မာအေး၊ မဇင်မာစိုး မိသားစုမှ အလှူငွေ ကျပ်(၅)သောင်း ၊ နောင်ချိုမြို့ မဲပုတ်ရွာနေ ဒေါ်တင်ညို မိသားစုမှ အလှူငွေကျပ်(၃)သောင်းတို့ကို အသီးသီး လှူဒါန်းခဲ့ကြရာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပြန် လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေး ကိစ္စများကို အတိုင်ပင်ခံ သမားတော် (၁)ဦး၊ ဆရာဝန် (၁)ဦး၊ သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင် အခြား ကျန်းမာရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)