ကျောက်တန်းမြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေ
Nov 26,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ Online Page များမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းနှင့် အထိမ်းအမှတ်နေ့များတွင် လက်ကမ်း စာစောင်များ ထုတ်ဝေပြီး ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင် ခင်းကျင်းပြသခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက် ၁၀ နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။