မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ရေနံချောင်းတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်

ရေနံချောင်း နိုဝင်ဘာ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်တွင် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီ က အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာချိုချိုမြင့် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် က နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်းရာ ခေတ္တပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာချိုချိုမြင့် က လက်ခံရယူခဲ့သည်။

အဆိုပါ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ အသစ်ခန့်အပ်သည့် နည်ပြ၊သရုပ်ပြသစ်လွင် ဆရာ/ဆရာမ ၇၄ ဦး တက်ရောက်ခဲ့သည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေနံချောင်းမြို့ ရွှေကြာငုံရပ်ကွက် ဓမ္မာရုံတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအာဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးနေမှုနှင့် အမှတ်()အခြေခံပညာ အထက်တန်းကျောင်း နဝဒေးခန်းမတွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုးသူအောင်