မင်းပြား နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန် က စတင်ပြီးမင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မင်ပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု၊ စုပေါင်းဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို မင်းပြားမြို့ မင်းကန်မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ မင်းပြားမြို့နယ် သံဃနာယကဆရာတော်များထံမှ သီလခံယူဆောက်တည်ခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဆွမ်းဘောဇဉ်၊ အဟာရတို့အား ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး နေ့လည်ပိုင်းတွင် မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အခမ်းအနားကို မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မင်းပြားမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးစိုးမိုး က နိုင်ငံတော်လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေမျာအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲများဖောက်ကာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြကြောင်း သိရသည်။
သိန်းနုအောင်