ပုလောမြို့နယ်၊ပလောက်မြို့၊ပြင်ဘုကြီးကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ပလောက်  နိုဝင်ဘာ  ၈

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စု တွင်  ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ပြင်ဘုကြီးကျေးရွာ၊ အလကကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ပလောက်ဆေးတပ်ဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်း စာရွက်သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ် တကျသိမ်းဆည်းကြရန်လိုအပ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

နှင်းမြူလွင် (ပလောက်)