ဘိုကလေးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Nov 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာ၊ ကွင်းအမှတ်(၇၀၉)ရှိ တောင်သူ ဦးတင်စိုး၏ စိုက်ဧက(၅)ဧကရှိ စံပြစိုက်ခင်းတွင် ယနေ့နံနက် (၈)နာရီ၌ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပသည်။