ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကစာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Women Club) အသင်းတို့ပူးပေါင်း၍ ဒေသခံပြည်သူများ အနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေ ချစ်မြတ်နိုးသူများချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။