Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေး
Nov 08,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်း က ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဒုတိယအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေးနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်၌ (၃၃) နှစ်မြောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်လေးပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Nov 08,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် နိုဝင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်ရာအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ထားဝယ်တက္ကသိုလ်၌ဘာသာရပ် အသီးသီးတွင် အသစ် ခန့်အပ်သည့်နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Nov 08,2021
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထားဝယ်တက္ကသိုလ်၌ဘာသာရပ် အသီးသီးတွင် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ အသက်(၁၈)နှစ် အထက်ရှိ ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက သတ်မှတ်စုရပ်(၂၀)တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့ မြတောင်ကယ်ဆယ်ရေးတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ Mobile Library ကွင်းဆင်းဆောင်ရွက်ပြီး ကလေးများဗဟုသုတရရှိစေရန် ပုံပြင်ပြောအစီအဉ် ဆောင်ရွက်
Nov 08,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းရှိကလေးငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စဉ်းစားတွေးခေါ်မှု ဉာဏ်များရင့်သန်လာစေရန် ရည်ရွယ်၍ ကလေးငယ်များအား ပုံပြင်ပြောအစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြတောင်တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mobile Library ကွင်းဆင်းဆောင်ရွက်ပြီး ကလေးများအတွက် ဗဟုသုတရရှိစေရန် ပုံပြင်ပြောအစီအဉ်များ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့၊ တိုးချဲ့ရပ်ကွက် ( ၁၁) မှ ( ၂၁ ) ထိ ( ၁၁ ) ရပ်ကွက်အား မြို့ စည်ပင်သာယာရေးနယ်နိမိတ် သတ်မှတ်ကြော်ငြာခြင်းနှင့်ပတ်သက်၍ တွေ့ဆုံ ရှင်းလင်း
Nov 08,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း တိုးချဲ့ရပ်ကွက် (၁၁) မှ (၂၁) ထိ (၁၁) ရပ်ကွက်အား မြို့စည်ပင်သာယာရေးနယ်နိမိတ် သတ်မှတ်ကြော်ငြာခြင်းနှင့် ပတ်သက်သည့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့နံနက် (၉)
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့ နံနက် ၁၀ နာရီအချိန်မှစ၍ မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊ မန်ကျောင်းပန်ရှင် ကျေးလက် ကျန်းမာရေးဌာနခွဲတို့တွင် ဦးတည်အုပ်စုများမှ အသက်(၁၈) နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများအား အသီးသီး ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21161
Page
21162
Page
21163
Page
21164
Current page
21165
Page
21166
Page
21167
Page
21168
Page
21169
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department