သတင်းများ

ပုလောမြို့နယ်၊ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်း
Nov 09,2021
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ၊ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျောက်လုံးကြီး ကျေးရွာ အုပ်စု၊ကျောက်တောင်ရွာ ရှိတောင်သူ ဒေါ်ခင်နွယ်ဝင်း၊ ကွင်းအမှတ်(၆/ခ)၊ ဦးပိုင်အမှတ်(၂၂၃/ ၃)တွင် ပေါ်ဆန်းရင်မျိုးစပါး (၆၆) ပေ၊ မိုးစပါးစံကွက်ရိတ်သိမ်းရာ (၈၅)တင်းနှုန်း ထွက်ရှိခဲ့ ကြောင်းသိရပါသည်။
မြစိမ်းရောင်‌ကျေးရွာ စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ငွေစာရင်းရေးသွင်းနည်း သင်တန်းပို့ချ
Nov 09,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး တွင် ယနေ့နံနက် ၉ နာရီက မြစိမ်းရောင်‌ကျေးရွာစီမံ ကိန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ရေးသွင်း နည်းသင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ
Nov 09,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင်  မှတ်ဉာဏ်ရင့်သန်ထက်မြက် စေရန်  စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား အသိပေးနှိုးဆော်
Nov 09,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါစနစ်တကျ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့်အချက် အလက်များအား ပြည်သူများ သိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများတွင် လှည့်လည်အသိပေးခြင်းလုပ်ငန်းများဆောင် ရွက်ခဲ့ကြသည်။
တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးနှိုးဆော်
Nov 09,2021
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊တောင်သာမြို့နယ်အတွင်းရှိ  ရပ်ကွက်များသို့  ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရေးနှိုးဆော်ခြင်းကို   ယနေ့ နံနက်(၉)နာရီအချိန်က လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား တတိယအသုတ်၊ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Nov 09,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားပထမ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီက စတင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာ များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Nov 09,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်   တောင်သာမြို့နယ်အတွင်း၌  အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအားထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Nov 09,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ပြည်သူများအား မြို့နယ် အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။