မိုင်းယောင်း နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်များသို့ တက်ရောက်ဆေးကုသခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီးဖြစ်သဖြင့် ယမန်နေ့တွင် ဆေးရုံဆင်းခွင့် ရရှိခဲ့သည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရသူများသည် မိမိတို့နေအိမ်တွင် ခုနစ်ရက်ကြာ အသွားအလာ ကန့်သတ် နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၇၇၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၇၂၃ ဦး၊ ၁၀ ဦးသေဆုံးပြီး လက်ရှိတွင် ၃၇ ဦး ကျန်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း