မိတ္ထီလာတွင် အခြေခံစစ်တုရင် (အခမဲ့) သင်တန်း ဖွင့်လှစ်ပို့ချမည်

မိတ္ထီလာ နိုဝင်ဘာ ၉

မိတ္ထီလာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာ နနှင့် မြို့နယ်စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်း၍ အခြေခံစစ်တုရင် (အခမဲ့) သင်တန်းအား ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁ဝ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး  မည်သူမဆို စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါ စစ်တုရင် (အခမဲ့) သင်တန်းအား သင်တန်းတက်ရောက်သူများ အနေဖြင့် စစ်တုရင် ကစားခြင်းဖြင့်  မိမိကိုယ်ကို ယုံကြည်အားကိုးစိတ်များ ရှိလာတတ်စေရန်၊ အာရုံစူးစိုက်တတ်လာစေရန်၊ စဉ်းစားတီထွင် ဖန်တီး တတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်သည့် လူတော်လူကောင်းများ ဖြစ်လာကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။

အဆိုပါ သင်တန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် မည်ဖြစ်ပြီး စစ်တုရင်ပညာရပ်ကို စိတ်ဝင်စား၍    တက်ရောက်လိုသူများအနေဖြင့် ၀၉-၄ဝ၂၅ဝ၅၃၃၆၊ ဝ၉-၂၅၂၃၅၁၁၁၃ နှင့် ဝ၉-၄ဝ၂၅၆၆၅၇၁ တို့ထံ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။ အဆိုပါ စစ်တုရင်သင်တန်းသို့ အမျိုးသားများသာမက အမျိုးသမီးများလည်း တက်ရောက်နိုင်ကြောင်း သိရသည်။

ချမ်းသာ