သိန္နီမြို့မစျေး၌ ကိုဗစ် - ၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

သိန္နီ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့မစျေး၌ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က စစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခဲ့ပြီး သိန္နီ မြို့နယ်အတွင်းနှင့် ကျေးရွာများရှိ အများပြည်သူ စားသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရန် ဖွင့်လှစ်ရောင်းချခွင့် ပြုထားသည်။ဈေးများတွင် ဈေးသည် ဈေးဝယ်များမှ ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးညွှန်ကြားချက်၊ စည်းကမ်းသတ် မှတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေးတို့အတွက် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး ကို များများစစ်၊ ပိုးတွေ့ပါက မြန်မြန်ကုသပေးရေးစနစ်ဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း ဈေးသည်များအား ပြောကြား ခဲ့ကြောင်း သိရသည်။

အိဇာချို(ပြန်/ဆက်)