ပင်လုံမြို့ မြို့မဈေးအတွင်း/အပြင်၌ ဈေးရောင်းချသူနှင့် ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး

ပင်လုံ နိုဝင်ဘာ ၉     

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေးတွင် ပင်လုံမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ပင်လုံမြို့ဈေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ပင်လုံမြို့ဈေးအတွင်း၊ အပြင်တွင် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား ယနေ့နံနက်(၇) နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ကွင်းဆင်းစစ် ဆေးပေး ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် ပင်လုံမြို့မဈေး အတွင်း/အပြင်တွင် ဖွင့်လှစ်ရောင်းချနေသောဆိုင်များမှ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ (၂၂၅)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ဈေးလာရောက်ဝယ်ယူသူ ပင်လုံမြို့ ရပ်ကွက်(၄)နေ အသက်(၅၆)နှစ်အရွယ် အမျိုးသား(၁)ဦးနှင့် အသက်(၁၆)နှစ် အရွယ် အမျိုးသား(၁)ဦး စုစုပေါင်း(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ