ပြင်ဦးလွင် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံ ပေးခြင်းကို ယနေ့နံနက် (၉) နာရီမှ စတင်ပြီး အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဆေးထိုးစုရပ်အဖြစ် သတ်မှတ်ပြီး ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်နေရာသို့ ဆေးထိုးရန် လာရောက်ကြသည့် ကျောင်း သား၊ ကျောင်းသူများ အား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လက်ဆေးခြင်း၊ Mask နှင့် Face Shield များ တပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စာရင်း များ ရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့် ကျန်းမာရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်း များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ကာကွယ်ဆေး (၁) လုံးလျှင် လူဦးရေ (၂) ဦးနှုန်းဖြင့် ထိုးပေးလျက် ရှိသည်။
ဆက်လက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေများ သီးသန့်ထားရှိ စောင့်ကြည့်စေကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အပြည့်အဝပေးလျက်ရှိပါကြောင်းနှင့် ဆေးထိုးစုရပ်အဖြစ် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများ တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)