ကိုဗစ်-၁၉ အသိပညာပေးစာစောင်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသပေး

မိုင်းယန်း        နိုဝင်ဘာ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး အတွက် ကိုဗစ်-၁၉ အသိပညာပေးစာစောင်နှင့် ကျန်းမာရေး အတွက်အရေးကြီးဆုံး ဆောင်ရန်/ ရှောင်ရန်အသိပညာပေးနံရံကပ်စာစောင်များကို ယမန်နေ့ နံနက် ၁၁ နာရီက ပြသဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အသိပညာပေးနံရံကပ်စာစောင်များပြသရာတွင် Delta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သော အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါခံစားနေရသူများအား အိမ်တွင်ပြုစုစောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့်(၅)ဆင့်၊ အပြင်သွားလာပြီးအိမ်ပြန်ရောက်လျှင် လုပ်ဆောင်ရမည့် အချက်(၁၂)ချက်၊ စနစ်တကျလက်ဆေးနည်း အဆင့်(၇)ဆင့်၊ နှာခေါင်းစည်း(Mask)ကို အသုံးပြုရာ တွင် လိုက်နာရမည့်အချက်များ၊ နေ့စဉ်ပြုလုပ်သင့်သည့် ၄-၇-၈ အသက်ရှူနည်း၊ အဆုတ်ကျန်းမာ စေမည့် အသက်ရှူလေ့ကျင့်ခန်း၊ ယခုအချိန်တွင် စိတ်ခံစားမှုကောင်းစေမည့် နည်းလမ်းကောင်းများ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေသဖြင့် ဆင်ခြင်သင့်သည့်အချက်များ၊ ယခုအချိန် ဖျားနာကိုက်ခဲပါက အဖြစ်မနေ လိုက်နာသင့်သည့်နည်းများနှင့်ကျန်းမာရေးအတွက် အရေးကြီးဆုံး ဆောင်ရန်/ ရှောင် ရန်များ စသည့်အသိပညာဗဟုသုတများ ရရှိနိုင်သည့် နံရံကပ်စာစောင်များကို ပြသပေးခဲ့ ကြောင်း သိရသည်။

ထွန်းထွန်းထူး