သတင်းများ

ဝမ်းတွင်းမြို့နယ် အောင်သာကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Nov 10,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခံတောအုပ်စု အောင်သာကျေးရွာ မြစိမ်းရောင်အရင်း မပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နေပြည်တော်အတွင်း စည်းကမ်းမဲ့ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းနှင့် လိုင်စင်မဲ့ အုတ်ဖုတ် လုပ်ငန်းများ ပပျောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Nov 10,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စည်းကမ်းမဲ့ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေခြင်းနှင့် လိုင်စင်မဲ့ အုတ်ဖုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ် အရှ့သပြေသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း
Nov 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်စေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့နည်းကျဆင်း စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်ပြီး ယနေ့နက်(၈)နာရီခွဲက သံရွာကျေးရွာအုပ်စု အရှေ့သပြေသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများအကြောင်း မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန်အချက်များ အသိပေး နှိုးဆော်
Nov 10,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ လိုက်နာရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူ ၉၁၃၂ ဦးအား ဒုတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်
Nov 10,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ဒုတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ယမန်နေ့တွင်လည်း သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် မြေပဲဖေါ်ချိန်  အငှါးလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိ၍ အဆင်ပြေ
Nov 10,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးဦးကာလက စိုက်ပျိုးထားသော သုံးလ ပင်ထောင် မြေပဲနှင့် လေးလ (ပင်ပြန့်ရောင်) မြေပဲများ ယခုကာလတွင် လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်၍  မြေပဲ အငှါးလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိပြီး အဆင်ပြေ လျက်ရှိကြောင်း သိရသည် ။  
မြစ်သားမြို့နယ်၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Nov 10,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်ခြောက်လတာ ကာလအတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်မှိုင်းဝကျေးရွာတွင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို ယမန်နေ့ညနေ(၃)နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌  ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တာ​လေမြို့၌ E.M ဘိုကာရှီမြေဆွေးပြုလုပ်ခြင်း ကွင်းလက်တွေ့သရုပ်ပြသ
Nov 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေ​မြို့၌ စိုက်ပျိုးရေးဦးစီးဌာနက စီစဉ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်ရှိ တောင်သူဦးစိုင်းတွီ၏ လယ်မြေအတွင်း တောင်သူဖိတ်ခေါ်၍ E.M ဘိုကာရှီမြေဆွေးပြုလုပ်ခြင်းကို ကွင်းလက်တွေ့ သရုပ်ပြသ သင်ကြားပေးခဲ့ကြောင်း သိရသည်။