ကျောက်မဲ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းမှ ယမန်နေ့မွန်းလွဲ ၃ နာရီအတွင်း စစ်ဆေးချက်များအရ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ၄ ဦးထပ်မံတွေ့ရှိရကြောင်းကျန်းမာရေးဌာနမှ သိရသည်။
ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများက နိုဝင်ဘာ ၈ ရက်နေ့မွန်းလွဲပိုင်းမှ ယမန်နေ့ မွန်းလွဲ ၃ နာရီအတွင်း မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများနှင့် ထိတွေ့ ဆက်စပ် သူများ၊ ဖျားနာသူများ၊ Quarantine ဝင်နေသူများအပါအဝင် ပြည်သူစုစုပေါင်း ၂၁၀ ဦးအား ကိုဗစ် - ၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ပန်လော့ကျေးရွာမှ ၁ ဦး၊ မိုင်းတင်းကျေးရွာမှ ၁ ဦး၊ အမှတ် ၈ ရပ်ကွက်၊ ကုန်းမုံရပ်မှ ၁ ဦးနှင့် မုန်လာခြံမှ ၁ ဦး စုစုပေါင်း ၄ ဦးတို့တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ နိုဝင်ဘာ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၈၀၀ ဦး၊ ကုသဆဲလူနာ ၂၅ ဦး၊ သေဆုံးသူ ၉၉ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)