သတင်းများ

ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်း အဆင်ပြေ
Nov 10,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေး လုပ်ငန်းအား မိသားစုဝင်ငွေ တိုးပွားရေးအတွက် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ တစ်ပိုင် တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ ပြည်သူများထံမှ သိရသည်။
မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေး
Nov 10,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပြညာကျောင်းများမှ အသက်၁၂နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများအား  ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယသုတ်ဆက်လက်ထိုးနှံ ၁၉၁၉၀ဦးထိုးနှံပေးပြီးဖြစ်
Nov 10,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ သတ်မှတ်စုရပ်အသီးသီးအပြင်ဝေးလံ သည့်နေရာများ အထိ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း နိုဝင်ဘာ ၁၀ရက်နေ့ထိ ဒုတိ ယအသုတ် ဒုတိယအကြိမ် ၁၉၁၉၀ဦးထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ် ရေးအဖွဲ့ထံ ကသိရသည်။
လေးမျက်နှာမြို့နယ်တွင်  VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့်  ကော်မတီဖွဲ့စည်းခြင်းပြုလုပ်
Nov 10,2021
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်  (၆)လတာကာလအတွင်း  ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့်  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး  စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်  ကော်မတီဖွဲ့စည်းခြင်းကို  ယနေ့နံနက်ပိုင်းက  လှော်ကထားကျေးရွာအုပ်စု၊  ကြို့ကုန်းကျေးရွာရှိ အ.မ.က-ကြို့ကုန်း စာသင်ကျောင်းတွင်  ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ  ပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးလျက်ရှိ
Nov 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ရပ်ကွက်/ကျေးရွာများအား နေ့ရက်အလိုက် အုပ်စုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်( Community Centre) ရုံးတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး(Talk Show)ပြုလုပ်
Nov 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ သိပညာပေး  (Talk Show) ကို ယနေ့ နံနက် (၉း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် စတုတ္ထအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 10,2021
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရန်နှင့် ကူးစက်ပျံ့နှံမှုမရှိစေရန်အတွက် စတုတ္ထအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၌ရှောင်တခင်ဧည့်စာရင်းစစ်ဆေးလုပ်ငန်းဆောင်ရွက်
Nov 10,2021
​တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်ချို့များတွင် နိုဝင်ဘာလ(၉)ရက် ည(၈)နာရီအချိန်က ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။