သတင်းများ

ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ အကြိမ်) ဆက်လက်ထိုးနှံပေး
Nov 10,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်ဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်အလိုက် ဆေးထိုးစုရပ်အသီးသီးတွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၄)ရက်‌နေ့အထိ မအိုင်ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Nov 10,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်း လမ်းညွှန်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ပုလောမြို့နယ်၊ပလောက်မြို့၊ဆင်ထိုးကြီးကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Nov 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပလောက်မြို့၊ ဆင်ထိုးကြီး ကျေးရွာအုပ်စု တွင်  ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဆင်ထိုးကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ဒေသခံပြည်သူ(၅၀၃၁)ဦးအားကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 10,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးSinopharmမျာ းထိုးနှံပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်ခန်းမတွင်ဒေသခံပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း ဆောင်ရွက်
Nov 10,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီခန့်က မွေးကင်းစမှ(၅)နှစ်အောက် ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Nov 10,2021
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၁၀)ဦး၊ အသစ်လဲလှယ်သူ(၄၃)ဦး၊ စုစုပေါင်း(၅၃)ဦးတို့အား ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၈) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အမျိုးသမီးအပ်ချုပ်စက်(၂)လသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Nov 10,2021
သမ၀ါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ကျေးလက်ဒေသဖြိုးတိုးတက်ရေးဦးစီးဌာန၊သရက်ချောင်းမြို့နယ်ရုံး၌ အသက်မွေး၀မ်းကျောင်း အထောက်ကူပြုသင်တန်း အမျိုးသမီး အပ်ချုပ်စက်(၂)လသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နေ့နံနက်၁၀နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။