အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ

အိမ်မဲ နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ်(၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယမန်နေ့က ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာ၌ နံနက်ပိုင်းတွင် ကြို့ကုန်းကျေးရွာ၊ သဖန်းပင်ဆိပ်ကျေးရွာ၊ ရေငံကွင်းကျေးရွာ၊ ရာဇူရိုးကျေးရွာနှင့် နေ့လည်ပိုင်းတွင် စာချွန်ခံရပ်ကွက်၊ အိုင်ကြီးကျေးရွာ၊ သပြေကွင်းကျေးရွာ၊ ထန်းတစ်ပင်ကျေးရွာတို့မှ စျေးသည်၊ စားသောက်ဆိုင်ဝန်ထမ်း၊ အသက်၅၅နှစ်အထက်၊ ဝန်ထမ်းမိသားစုများ၊ မသန်စွမ်းသူများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး၊ ပုဂ္ဂလိက ချေးငွေလုပ်ငန်းနှင့် ဘဏ်ဝန်ထမ်းများ စုစုပေါင်း လူဦးရေ(၇၅၀)ခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများက နေ့စဉ်ပါဝင်ကူညီ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်