မိုင်းရယ်ပြည်သူ့စာကြည့်တိုက်တွင်အမျိုးသားနေ့အကြောင်းသိကောင်းစရာများTalk Show ကျင်းပ

မိုင်းရယ်   နိုဝင်ဘာ ၁၀

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း ၍ ယမန်နေ့ နေ့လည် ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့် တိုက်ခန်းမတွင် အမျိုးသားနေ့အကြောင်းသိကောင်းစရာများ Talk Show ကို ကျင်းပပြုလုပ် သည်။

အဆိုပါ အမျိုးသားနေ့အကြောင်းသိကောင်းစရာများ Talk Showတွင် Book Club အဖွဲ့ဝင် ဦးစိုင်းထွန်းနိုင်က မြန်မာနိုင်ငံ၏ အမျိုးသားနေ့ဖြစ်ပေါ်လာပုံများနှင့် ယခု ၂၀၂၁ခုနှစ်တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားနေ့အတွက် လူငယ်လူရွယ်များ  ပြည်သူအားလုံး မမေ့မလျော့တတ်ကြစေရန်နှင့် အမျိုးသားရေးစိတ်ဓါတ်များ ကိန်းအောင်းနေစေရန်အတွက် ပြည်သူအားလုံး ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် အရေးကြီးပါကြောင်းဆွေးနွေးခဲ့ပါ သည်။

မိုင်းရယ်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်များကို ပြည်သူများအား အခမဲ့ ငှားရမ်းပေးခြင်းသာမက အသိပညာပေး Talk Showများ၊ ကလေးငယ်များအတွက် ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်ထိုက်