မိုင်းပျဉ်းမြို့၊ ဌာနဆိုင်ရာရုံးများ၌ ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း  နိုဝင်ဘာ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့ အထများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက ရွေ့လျား စာကြည့် တိုက်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းနှင့် ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၂၅၀)ကို သယ်ဆောင်၍ မြို့နယ် စာရင်းစစ်ရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးများသို့ ရွေ့လျားစာကြည့် တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက် ကာ စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ် ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ် များအတွက်  Online မှ တဆင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)