ကျောက်ဆည်မြို့နယ် အရှ့သပြေသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း

ကျောက်ဆည်  နိုဝင်ဘာ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်စေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့နည်းကျဆင်း စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်ပြီး ယနေ့နက်(၈)နာရီခွဲက သံရွာကျေးရွာအုပ်စု အရှေ့သပြေသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများအကြောင်း မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများက မြစိမ်း ရောင်ကျေးရွာစီမံကိန်း နောက်ခံသမိုင်းကြောင်းများနှင့် ရည်ရွယ်ချက်များ၊ ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များနှင့် ကျေးရွာပြည်သူတို့ လိုက်နာရမည့်စည်းကမ်းချက်များ၊ စီမံကိန်းအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အကျိုးကျေးဇူးများ၊ ချေးငွေချေးခြင်းနှင့် အတိုး နှုန်းသတ်မှတ်ခြင်းများ၊ စီမံကိန်းရန်ပုံငွေမှတိုးပွားလာသည့် အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အကြောင်းအရာများ စသည်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကျေးရွာ(၁)ရွာ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျေးရွာ(၁၃)ရွာ၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျေးရွာ(၈)ရွာ၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျေးရွာ(၆)ရွာ၊ ၂၀၁၈-၂၀၁၉ ခုနှစ်  ကျေးရွာ(၅)ရွာ၊ ၂၀၁၉-၂၀၂၀ ခုနှစ် ကျေးရွာ(၃)ရွာ၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျေးရွာ(၂)ရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၁-၂၀၂၂ ခုနှစ်၌ အရှေ့ သပြေ သာကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)