မောင်တော နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ဒုတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ယမန်နေ့တွင်လည်း သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးစားပေးအုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ နိုင်ငံဝန်ထမ်းများနှင့် ဦးစားအုပ်စုတွင် ပါဝင်သည့်သူများအား ဒုတိယအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ နိုဝင်ဘာ(၉)ရက်နေ့ထိ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၉၁၃၂)ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေး နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)