သတင်းများ

ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှ (၁ ဒသမ ၉ )ပေခန့်သာ ရေကျော်ကျမှုရှိ
Nov 10,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝ တမံတွင် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ (၈)ပေကျော်ခန့် ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်း ကျဆင်းလျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၁ ဒသမ ၉) ပေခန့်သာ ရေကျော်ကျမှုရှိကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊အမျိုးသားခန်းမ ကာ ကွယ်ဆေးထိုးစုရပ်၌ ယနေ့နံနက်ပိုင်းက  ပထမအကြိမ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး ထိုးနှံထားပြီးသူများအား (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ စတုတ္ထအကျော့ (ပထမအကြိမ်)ကာကွယ် ဆေး စတင်ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ
Nov 10,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ရုံးဝန်ထမ်းများမှ ကလေးငယ်များ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် နေ့စဉ်ရိုက်ကူး လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလွင်ကျောင်းကုန်းကျေးရွာ(အ.လ.က)တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နယ်လှည့်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ နှင့် ကလေးစာဖတ်ဝိုင်းများ ကွင်းဆင်းဆောင်ရွက်
Nov 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို နယ်လှည့်နံရံကပ် စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မော်လိုက်မြို့နယ်၌ ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Nov 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ် နိုင်ရန်နှင့် ကျန်းမာပျော်ရွှင်စွာဖြင့် ပညာများသင်ယူနိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ပထမအကြိမ် အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် လေးခုတို့တွင် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ကျိုင်းတုံမြို့၌ “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Nov 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်နှင့်ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ကတ်ဖကျေးရွာအုပ်စု၊ ဝမ်ဆိုင်းကျေးရွာနှင့် နောင်ငင်းကျေးရွာနေ ပြည်သူများသို့ထံသို့ ကွင်းဆင်း ပေးအပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရည်သုံးပစ္စည်းဘူး(၃၀၀)နှင့် ရေသန့်ဘူးကတ်(၁၃၀)လှူဒါန်း
Nov 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှု သင်တန်း ကျောင်းဝန်းအတွင်းတွင် ဖွင့်လှစ်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းတွင် ယနေ့ နံနက်ပိုင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တစ်ကိုယ်ရည်သုံးပစ္စည်းနှင့် ရေသန့်ဘူးများ လှူဒါန်းသည့် အခမ်းအနားကျင်းပခဲ့သည်။