မြစ်သား နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်ခြောက်လတာ ကာလအတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်မှိုင်းဝကျေးရွာတွင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို ယမန်နေ့ညနေ(၃)နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကို ကိုအောင်ကအမှာ စကားပြောကြားသည်။
ဆက်လက်၍ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများနှင့် ပတ်သတ်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်ရေးဆွဲခြင်း၊ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက ကော်မတီ ဝင်များကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၀၀ မတည်၍ ကျေးရွာနေပြည်သူများ၏လုပ်အား၊ ငွေအားထည့်ဝင်မှုဖြင့်ကျေးရွာသူ၊ ကျေးရွာ သားများကိုယ်တိုင်ကျေးရွာ၏အဓိက လိုအပ်ချက် ဖြစ်သောဖွံ့ဖြိုးရေး စီမံချက်များရေးဆွဲပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းများကနည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြမြမွန်(မြစ်သား)