မိတ္ထီလာ နိုဝင်ဘာလ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခံတောအုပ်စု အောင်သာကျေးရွာ မြစိမ်းရောင်အရင်း မပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်အရင်းမပျောက်လည်ပတ် ရန်ပုံငွေ စီမံကိန်း မိတ်ဆက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကျေးရွာအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြို့နယ်အတွင်း၌ တစ်ယူနစ်သာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေမှာ တစ်ယူနစ်လျှင် ငွေကျပ် သိန်း(၃၀၀)ခွင့်ပြု ထောက်ပံ့ မည်ဖြစ်ကြောင်း၊ အဆိုပါ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကို ကျေးရွာသူကျေးရွာသားများမှ ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ် လုပ်ငန်း၊ ရေလုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်သည့်အပြင် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေးနှင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာကော်မတီကို ကျေးရွာသူကျေးရွာသားများ၏ ဆန္ဒဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။
၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ် ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အောင်သာကျေးရွာတွင် အိမ်ထောင်စု ၉၅ စု လူဦးရေ ၄၆၉ ဦး ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)