မိုင်းဆတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ လိုက်နာရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်၊ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကိုရှောင်ကြဉ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာဏဆေးကြောရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်တံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း Mask များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်နှင့် အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ၊ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန် စသည့် အချက်များကိ Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်း များက ဝိန်းနေရပ်ကွက်နှင့် ကျဒယ်ရပ်ကွက်တို့တွင် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)