တာ​လေမြို့၌ E.M ဘိုကာရှီမြေဆွေးပြုလုပ်ခြင်း ကွင်းလက်တွေ့သရုပ်ပြသ

တာလေ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေ​မြို့၌ စိုက်ပျိုးရေးဦးစီးဌာနက စီစဉ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်ရှိ တောင်သူဦးစိုင်းတွီ၏ လယ်မြေအတွင်း တောင်သူဖိတ်ခေါ်၍ E.M ဘိုကာရှီမြေဆွေးပြုလုပ်ခြင်းကို ကွင်းလက်တွေ့ သရုပ်ပြသ သင်ကြားပေးခဲ့ကြောင်း သိရသည်။

တာလေမြို့တွင် ကျေးလက်နေပြည်သူများသည် စီးပွားရေးအဖြစ် စပါးကိုအဓိကထား စိုက်ပျိုးကြပြီး နှစ်စဉ်စပါးစိုက်ပျိုးထုတ်လုပ်ရာ တွင် အထွက်နှုန်း လျော့နည်းကျဆင်းခြင်းများ မရှိစေရေး၊ မြေဆီလွှာများ ကောင်းမွန်ထက်သန်စေရေးနှင့် ကာကွယ်ထိန်းသိမ်း တတ်စေရန် လိုအပ်သော သဘာဝမြေသြဇာများကို တောင်သူများကိုယ်တိုင် ပြုလုပ်အသုံးပြုနိုင်စေရန် E.M ဘိုကာရှီမြေဆွေး ပြုလုပ်နည်းစနစ်အား တောင်သူဖိတ်ခေါ်၍ လက်တွေ့သရုပ်ပြသ သင်ကြားပေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းကပြောသည်။

အဆိုပါ သဘာဝမြေဆွေးပြုလုပ်ခြင်း တောင်သူဖိတ်ခေါ် ကွင်းလက်တွေ့သရုပ်ပြသခြင်းသို့ တာလေမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ ဒေသခံတောင်သူများ တက်ရောက်ကြပြီး E.M ဘိုကာရှီမြေဆွေးပြုလုပ်ခြင်း သရုပ်ပြသခြင်း၊ ပြုလုပ်ပုံအဆင့်ဆင့်နှင့် အကျိုးကျေးဇူးများကို တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းနှင့် တာချီလိတ်ခရိုင် မြေအသုံးချရေး တာဝန်ခံတို့က အသီးသီး ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)