စာဖတ်ရှိန်မြှင့်တင်​ရေးကော့ကရိတ်မြို့ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် နိုဝင်ဘာ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဒေါက်တာ​ကျော်စိန်ရေးသားသည့်“ယဥ်ကျေးလိမ္မာ သောလူငယ်မှသည်လူကြီးလူကောင်းအဖြစ်သို့”စာအုပ်အား စာဖတ်ဝိုင်း​ဆွေး​နွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လှလှနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာ စေရန်နှင့် စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 ထို့နောက် Youth Clubအဖွဲ့ဝင် မ​ကေသီ​အောင်က  “ချီးကျူးစကား​​ပြောဆိုခြင်း” ခေါင်းစဉ်ကို လည်း​ကောင်း၊ မောင်သန်းထိုက်အောင်က” သူ့စည်းကိုယ့်စည်းခွဲခြားသတ်မှတ်ခြင်း ခေါင်းစဉ် တို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များ၊ စာဖတ် ပရိသတ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

KMW(ခရိုင်ပြန်/ဆက်)