ကျိုက်လတ်မြို့နယ်၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျိုက်လတ်   နိုဝင်ဘာ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့မှစ၍ ပြသထားရှိကြောင်း သိရှိရသည်။

အဆိုပါ စာအုပ်ပြပွဲတွင် အမျိုးသားနေ့နှင့် ပတ်သတ်သည့် စာအုပ်စာစောင်များ၊ ပြည်သူများ၊ လူငယ်လူရွယ်များ ဖတ်ရှု့လေ့လာသင့်သည့် စာအုပ်စာစောင်များများကို ပြသထားရှိပြီး၊ နံရံကပ်စာစောင်တွင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ ကဗျာများ၊ ကာတွန်းများ၊ ဆောင်းပါးများ၊ ကိုဗစ်-၁၉ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ၊ စာဖတ်ပရိသတ်များ လေ့လာနိုင်ရေး ပြသထားရှိကြောင်း သိရှိရသည်။

ဌေးဌေးလှိုင်

ကျိုက်လတ်(ပြန်/ဆက်)