ရိခေါ်ဒါရ် နိုဝင်ဘာ ၁၁
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို နိုဝင်ဘာ ၁၂ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၃ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက် နှင့် အမှတ်(၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၃၇)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် အမှတ်(၁)ရပ်ကွက်ပြည်သူ(၃)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူတို့မှာ ရောဂါလက္ခဏာပြသခြင်းမရှိပဲ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ၎င်းတို့၏ နေအိမ်အသီးသီး၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်ကုသပေး လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်း ကို ဇွန်လမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယနေ့အထိ ရောဂါစစ်ဆေးမှုအရ ရောဂါပိုးတွေ့ရှိသူ ၃၄၆ ဦး ရှိပြီး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၃၃၉)ဦးနှင့် ဆေးကုသမှုခံယူနေဆဲ (၄)ဦးရှိပြီး ရောဂါဖြင့် သေဆုံးသူ (၃)ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
သောမတ်