ရိခေါ်ဒါရ် နိုဝင်ဘာ ၁၂
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပြိုင်ပွဲ (၃)မျိုးကို နိုဝင်ဘာ ၁၂ ရက်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က အမျိုးသားနေ့အောင်ပွဲနေ့အကြိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျည်းများကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းသားလူငယ် (၆)ဦးတို့က “ပန်းမြတ်ပညာ” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လည်းကောင်း၊ ကျောင်းသားလူငယ် (၄)ဦးတို့က “အမျိုးသား နေ့ဖြစ်ပေါ်လာပုံ”ခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကို လည်းကောင်း၊ ကျောင်းသားလူငယ် (၃)ဦး တို့က “အမျိုးသားနေ့ ဒို့မမေ့”ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကိုလည်းကောင်း အသီးသီး ယှည်ပြိုင်ကြသည်။
ထို့နောက် ပြိုင်ပွဲ သုံးမျိုးမှ ဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သောမတ်