ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဓနုဖြူ နိုဝင်ဘာ     ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က  မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဓနုဖြူမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက် (၁၈)နှစ်အထက် ပြည်သူများအား မြို့မတိုက်နယ်၊ အကျော်တိုက်နယ်၊ ကျုံတနီးတိုက်နယ်၊ သပြုတိုက်နယ်၊ ကျောင်းစုတိုက်နယ်၊ စံကင်းတိုက်နယ်၊ ဆကာကြီးတိုက်နယ်၊ စုစုပေါင်း တိုက်နယ်(၇)ခုခွဲ၍ ထိုးနှံပေးလျက်ရှိသည်။ ယမန်နေ့က ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူ(၁၂၃၀)ဦး ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိ​ပြီး (၁၁.၁၁.၂၀၂၁)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၄၉၉၀၄)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။