လပွတ္တာ နိုဝင်ဘာလ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေဝါသနာရှင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်များစာပေဗဟုသုတ ရရှိစေရန်၊ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အစီအစဉ်တွင် ဒေါ်အိအိမွန်(ဒုဦးစီးမှူး)မှ စာအုပ်မိတ်ဆက် ကဏ္ဍတွင် စာရေးဆရာမ ဒေါ်နုကြည်(မဟာဝိဇ္ဇာ)ရေးသားသော မြန်မာ့ရိုးရာ ဆုံးမစာ စာအုပ်မိတ်ဆက်နှင့်ဒေါ်ခင်လေးဝါ (စာထောက်-၃)မှ ကလေးဝတ္ထုတိုကဏ္ဍမှ "မိဘဆိုတာ"ခေါင်းစဉ်ဖြင့် စာအုပ်များအား ထုတ်လွှင့်တင်ဆက်သည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသစာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာလေးတွေ ရွက်ကြမယ်၊ ကလေးဝတ္ထုတိုကဏ္ဍ၊ ဘာသာရေးဆုံးမစာများ၊ ကျန်းမာရေးသိမှတ်ဖွယ်ရာများ၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို နေ့စဉ်လပွတ္တာခရိုင် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
သီတာအောင်