မန်ကန် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်းရပ်ကွက်များနှင့် လူသွား လူလာများသည့် နေရာများတွင် ယနေ့ နံနက် ၉ နာရီအချိန်က အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လိုက်နာရမည့် နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးများနှင့် မိဘပြည်သူများအားလုံး ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် (Hand speaker)ဖြင့် (ရှမ်း၊ ဝ၊ ဗမာ) သုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကြောင့် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများ မရှိသေးကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကင်းစင်နယ်မြေအဖြစ် ရပ်တည်လျက်ရှိသည့် မန်ကန်မြို့သည် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို မန်ကန်မြို့ ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်ကန် (ပြန်/ဆက်)