ဖျာပုံ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ရပ်ကွက်/ကျေးရွာများအား နေ့ရက်အလိုက် အုပ်စုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံ သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျနေရာချထားပြီး၊ ရပ်ကွက်/ကျေးရွာအလိုက် နေ့ရက်များခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ၊ ဖျာပုံမြို့သီရိအဏ္ဍဝါခန်းမတွင် ဆေးထိုးစုရပ်ထားရှိပြီး၊ ဖျာပုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို တစ်ရက်လျှင်(၂၅၀)ဦးအား ဆက်လက်ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)