မွန်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကော်မတီ အစည်းအဝေးကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၁၂

မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားကဏ္ဍလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရေး ကော်မတီ အစည်းအဝေး   အမှတ်စဉ်(၂/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲပိုင်းက    မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင်  မွန်ပြည်နယ်ဒေသဆိုင်ရာ   ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းက မွန်ပြည်နယ်သည်  သဘာဝကိုအခြေခံသည့်      ခရီးသွားလာစရာ နေရာများစွာ ရှိကြောင်း၊  ထို့ကဲ့သို့ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကိုဗစ်-၁၉ အလွန်ကာလတွင်  ခရီးသွားလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေး၊ လက်ရှိခရီးသွား ဒေသများ ပတ်ဝန်းကျင်   စိမ်းလန်းစိုပြေသာယာလှပရေး   ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ခရီးသွား လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ကာကွယ်ဆေးများ  ထိုးနှံပေးခြင်းနှင့် ပညာပေးသင်တန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ   လိုင်စင်များကို ဥပဒေ၊  နည်းဥပဒေ၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုင်စင် ထုတ်ပေးကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တင်ပြအကြံပြုဆွေးနွေးမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

မွန်ပြည်နယ်အနေဖြင့် သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစရာ နေရာများစွာရှိသည့်အတွက် နှစ်စဉ်ပြည်တွင်း၊ ပြည်ပခရီးသွား ပြည်သူများစွာ  ဝင်ရောက်မှု များသည့် ပြည်နယ်တစ်ခု ဖြစ်သည်နှင့်အညီ       ကော်မတီဝင်များအနေဖြင့်   ကိုဗစ်-၁၉ ကာလအတွင်း     ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရေး  အထူးအလေးပေး ဆောင်ရွက် လျက်ရှိကြောင်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများကိုလည်း   သတ်မှတ် စည်းကမ်းများနှင့်အညီ  လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင် သက်တမ်းတိုးပေးခြင်း၊ ခရီးသွားလိုင်စင် လျှောက်ထားခြင်းများနှင့်  ဧည့်လမ်းညွှန်လိုင်စင် ထုတ်ပေးခြင်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)