မိုင်းခုတ် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Page ၏ Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများအား ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များအတွက် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ပေးခြင်း၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ပန်းအလှခေါက်ခြင်း အစီအစဉ် များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ လူငယ်လူရွယ်အသင်း(Youth Club)နှင့် အမျိုးသမီးများအသင်း(Women Club) တို့နှင့် ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းများလည်း ဆောင်ရွက်ကြောင်းသိရသည်။
အားချာ